မြဝတီမြို့နယ်၊ မဲပလဲသောင်ရင်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်လုံးများ ဖမ်းဆီးရမိ

၉-၄-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ BGF (၁၀၁၈)တပ်မှူး စောမောင်ဝင်းပါ(၁၈)ဦးတို့ ပါဝင်သောပူးပေါင်း အဖွဲ့သည် မြဝတီမြို့နယ်၊ မဲပလဲသောင်ရင်းကြိုးဝိုင်းအကွက်(၇)အတွင်း တရားမဝင် အခြားသစ်လုံး (၂၅)တန်ခန့်အားဖမ်းဆီးရမိပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 11, 2019 - 11:00