မြစ်ကြီးနားမြို့နယ်၊ ပလန(၅)ကျေးရွာအနီး၊ နန်ကျင်ချောင်းဘေးအနီးနေရာမှ တရားမဝင်သစ်လုံးများ ဖမ်းဆီးရမိ

၉-၄-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ပလန(၅)ကျေးရွာအနီး၊ နန်ကျင်ချောင်းဘေးတွင် တရားမဝင်ကြေးလံ/ကညင်/သပြေ သစ်လုံးစုစုပေါင်း(၆၀)လုံး(၇၅.၇၄၄)တန်အားဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 11, 2019 - 11:00