မြစ်ကြီးနားမြို့နယ်၊ ပ.လ.န(၂)ကျေးရွာမှ(၂)ဖာလုံခန့်အကွာရာဘာခြံအနီးမှ တရားမဝင်သစ် ဖမ်းဆီးရမိ

၁၉.၄.၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ပ.လ.န(၂)ကျေးရွာမှ (၂)ဖာလုံခန့်အကွာ ရာဘာခြံအနီးနေရာမှ တရားမဝင်သစ် ကညင်/ကြေးလံ/ဆေးခါး/တောဇီး (၄၀)လုံး(၃၃.၂၁၆၀)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, April 24, 2019 - 13:00