လပွတ္တာမြို့နယ်အတွင်း စက်လှေ(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၃.၄.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကမ်းခြေစောင့် ရေယာဉ်(၄၀၄) မှ ဗိုလ်ကြီးကိုကိုအောင် ဦးဆောင်သောအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် လပွတ္တာမြို့နယ် အတွင်း စက်လှေ (၂)စီးပေါ်မှ တရားမဝင် အခြားသစ်ခွဲသား (၁၄)တန်ခန့်နှင့်အတူ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 26, 2019 - 12:00