ကသာမြို့နယ်၊ ရွှေလီမြစ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ဝ အဆုံ၊ ရွှေလီမြစ်အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသား/လုံးပတ် ၃ပေအောက်ကျွန်းသစ် (၁၄၁) လုံး/ချောင်း (၈.၀၁၅၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 7, 2019 - 11:30