တီးတိန်မြို့နယ်အတွင်း မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၅-၂၀၁၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တီးတိန်မြို့နယ်၊ တီးတိန်-ရိဒ်ကားလမ်း၊ တီးတိန်မြို့မှမိုင်(၃၀)အကွာ၊ ဟိုင်မွာလ် ရွာသစ်အနီး ယာဉ်အမှတ်၊ 5N-3184(SINO TRUCK)ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်းဓါးရွေတုံးဆိုဒ်စုံ (၃၃)ချောင်း (၂.၇၀၂၉)တန်၊ တရားခံ (၂)ဦးဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, May 7, 2019 - 11:45