AFoCORETCတွင်ဒေသခံပြည်သူဖွံ့ဖြိုးမှုပညာပေးအစီအစဉ်လုပ်ငန်းများဆောင်ရွက်

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း(AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ ပုံမှန်သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပြီး ဒေသခံပြည်သူ ဖွံ့ဖြိုးမှု ပညာပေးအစီအစဉ်ဖြစ်သည့် မှော်ဘီမြို့နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောကဏ္ဍဆိုင်ရာ ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်၊၂၉-၄-၂၀၁၉ ရက်နေ့နှင့် ၃၀-၄-၂၀၁၉ ရက်နေ့များအတွင်း “ဒေသခံပြည်သူ ဖွံ့ဖြိုးမှု ပညာပေးအစီအစဉ်” အရ ထိန်စွန်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ပုညကာရီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သမိဒေါဒယ သီလရှင်စာသင်တိုက်တို့မှ ကြီးကြပ်သူ ဆရာ/ဆရာမများနှင့်် ကျောင်းသား/ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောကဏ္ဍ ဆိုင်ရာ တိုးချဲ့ပညာပေး အစီအစဉ် (၁၄)ကြိမ်နှင့် (၁၅)ကြိမ်တို့အားကျင်းပခဲ့ပါသည်၊ ၅-၅-၂၀၁၉ ရက်နေ့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက (AFoCO RETC)သင်တန်းကျောင်းသို့ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်၊ သစ်တောဦးစီးဌာနနှင့် သစ်စေ့နှင့် ပျိုးပင်ထုတ်လုပ်ရေးစခန်း(မှော်ဘီ)ဝန်းအတွင်း တည် ဆောက်လျက်ရှိသည့်် (AFoCO RETC) သင်တန်းကျောင်း ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၂) ထပ် RC ကိန်ကရိ တည်ဆောက်နေမှုများနှင့် သင်တန်းကျောင်း အဆောက်အဦနှင့် ပရိဝုဏ် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်လျက်ရှိသည့် (AFoCO RETC) ဝန်ထမ်းအိမ် ရာ တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးကုမ္ပဏီ(ရွှေမိုးထွဋ်)၏ မန်နေဂျင်း ဒါရိုက်တာမှ တည်ဆောက်ရေးလုပ်ငန်းများကို လည်းကောင်း၊ လေ့ကျင့်ရေးနှင့်သုတေသန ဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးစိုးမြင့်ဦးက အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း စီမံကိန်းလုပ်ငန်းများနှင့်် ဖွင့်လှစ်သွားမည့် သင်တန်းများအကြောင်းကို သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်၊ ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ (AFoCO RETC) သင်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ်အတွင်း ဆက်လက် ဖွင့်လှစ်မည့် သင်တန်းများနှင့် ပတ်သက်၍လည်းကောင်း လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

date: 
Wednesday, May 8, 2019 - 10:45