ဘုတလင်မြို့နယ်၊ ကနီ-ဘုတလင်နယ်စပ်၊ ချောင်းဝကြီးကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းတွင် မော်တော်(၁)စီးနှင့် တရားမဝင် သစ် ဖမ်းဆီးရမိ

၄-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဘုတလင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတလင်မြို့နယ်၊ ကနီ-ဘုတလင်နယ်စပ်၊ ချောင်းဝကြီးကျေးရွာအောက်ဘက် (၂)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်အတွင်း တရားမဝင်သစ်ယာခွဲသားခန့်မှန်း(၆)တန်ခန့်တင်ဆောင်ထား သော တရုတ်အင်ဂျင်(၂)လုံးထိုးတပ်အပြာရောင်မော်တော်(၁)စီးအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 8, 2019 - 13:15