ရေကြည်မြို့နယ်၊ မိဿလင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာအနီး တရားမဝင်သစ်များဖမ်းဆီးရမိ

၅-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ မိဿလင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာနှင့် (၂)မိုင်(၄)ဖာလုံခန့်အကွာ တောစပ်အနီးဝန်းကျင်တွင်တရားမဝင် တောင်သရက်ခွဲသား (၂၂၀) ချောင်း (၂၉.၂၄၆၂)တန်ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 8, 2019 - 13:30