ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်းအတွင်းတရားမဝင်သစ်များဖမ်းဆီးရမိ
၄-၅-၂၀၁၉ ရက်နေ့မှ ၆-၅-၂၀၁၉ ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ဆည်အတွင်းရှိ ပိန်းချောင်း၊ ဖျံချောင်းတစ်လျှောက်အား နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာရဲနွယ်ကြိုးဝိုင်းအကွက်(၆၃/၆၅/၇၃/၇၂/၇၉)အတွင်း တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား စုစုပေါင်း (၁၈၇)ချောင်း (၈.၆၆၈)တန်နှင့် ပေါင်(၃၀)ဝင်မီးသွေး(၅၄၀) အိတ်(၅၇.၆)တန်အား တရားခံ(၃)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။






date:
Wednesday, May 8, 2019 - 13:30