ဘော်လခဲမြို့နယ်၊ ဘော်လခဲ-ဖားဆောင်းသွားကားလမ်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများဖမ်းဆီးရမိ

၆-၅-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ စရဖတပ်စု(၄)မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘော်လခဲမြို့နယ်၊ ဘော်လခဲ-ဖားဆောင်းသွားကားလမ်းတွင် မော်တော်ယာဉ်အမှတ်(2C/7714) TOYOTA Super Customer (နို့နှစ်ရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၂) ချောင်း (၁.၅၇၂၄)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 8, 2019 - 13:30