ပန်းတောင်းမြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်- CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၇-၅-၂၀၁၉ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကုလားဝန်ချောင်းဖျား၊ သူရဲတန်းကြိုးဝိုင်းအကွက်အမှတ်(၅၆)အတွင်း တရားမဝင်သစ် ကျွန်း/ပျဉ်းကတိုးခွဲသား (၄၄၃)ချောင်း (၃၉.၇၀၃၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, May 9, 2019 - 13:15