မံစီမြို့နယ်အတွင်း မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသားများဖမ်းဆီးရမိ

၈-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ မြောက်ဘက်(၃)မိုင်ခန့်အကွာ နမ့်မဖွဲ ကျေးရွာ ဘုန်းကြီးကျောင်း အရှေ့နေရာတွင် မော်တော်ယာဉ်အမှတ်၊ (KYN/9K-9896) (NOAH) ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၂)ချောင်း (၀.၂၆၇၂) တန်နှင့် တရားခံ (၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, May 13, 2019 - 10:45