ကွတ်ခိုင်မြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီးတွင် မော်တော်ယာဉ်(၃)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများဖမ်းဆီးရမိ

၁၁-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ(၄၅)မှ ဗိုလ်မှူး ဟိန်းဇာထွန်းတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၉/၁)နှင့် (၂၂၉/၂)ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(3H/1525) ISUZU (ဖြူပြာကြား)ယာဉ်၊ မော်တော်ယာဉ်အမှတ်(7K/6022) HINO (ဖြူပြာကြား)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(3H/6923) CONDOR (ဖြူစိမ်းကြား)ယာဉ်တို့ပေါ်မှ တရားမဝင်ပိတောက်ခွဲသား စုစုပေါင်း(၃၁၂၄) ချောင်း (၁၄.၇၆၅၆)တန်နှင့်အတူ တရားခံ(၆)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 14, 2019 - 09:45