မအူပင်မြို့နယ်၊ ဝါးတောကျေးရွာ၊ ဘုရားလေးဆိပ်၊ တိုးမြစ်ကမ်းဘေးတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မအူပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာ၊ ဘုရားလေးဆိပ်၊ တိုးမြစ်ကမ်းနားဘေးနေရာ၌ တရားမဝင်တောင်သရက်ခွဲသား (၁၀၅)ချောင်း (၂၂.၂၁၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, May 16, 2019 - 14:15