ကလေးဝမြို့နယ်အတွင်း တရားမဝင် ကညင်သစ်များ ဖမ်းဆီးရမိ

၁၇-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၃၆၄)ခြေမြန်တပ်ရင်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ပလ္လင်ကြိုးဝိုင်းနှင့် မဟာမြိုင်ကြိုးဝိုင်းအတွင်းတို့မှ တရားမဝင် ကညင်သစ် (၆)လုံး (၉.၄၅၄၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 21, 2019 - 11:30