မင်းကင်းမြို့နယ်အတွင်း မော်တော်(၂၄)စီးနှင့် တရားမဝင်ထင်း/ပကာ/မျော များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈-၅-၂၀၁၉ ရက်နေ့နှင့် ၁၉-၅-၂၀၁၉ရက်နေ့တို့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ စမြင်းကြီးဆိပ်ကမ်း၊ သံပေါက်ရွာအနီး၊ လောင်းပြည့်ရွာအနီး၊ သင်တောရွာအနီးပတ်ဝန်းကျင် ချင်းတွင်းမြစ်အတွင်း တရားမဝင်အင်ပကာ(၁၀၃၅)ချောင်း (၁၄.၁၃၇၂)တန်၊ ထင်း(၂၈.၈၅၄၆)တန်၊ မျော(၂၄၁၆)လုံးအား မော်တော်(၂၄)စီးနှင့် တရားခံ(၂၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 22, 2019 - 15:15