မြစ်ကြီးနားမြို့နယ် မြစ်ကြီးနားမိုးကောင်းကားလမ်းတွင် ယာဉ်(၂)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁.၅.၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လွယ်ခေါကျေးရွာ အုပ်ချုပ်ရေးမှူး ပါဝင်သော ပူးပေါင်း အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားမိုးကောင်းကားလမ်တွင် သုံးဘီးဆိုင်ကယ်/ကား၊ သရီးကရောင်းကားပေါ်မှ တရားမဝင် ကညင်/ခလောင်ခွဲသား(၃၆၀)ချောင်း (၄.၉၂၄၆)တန် ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 24, 2019 - 15:30