ဉတ္တရသီရိမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၅-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ဉတ္တရခရိုင်၊ ဉတ္တရသီရိမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ညောင်လူးကျေးရွာ ရာအိမ်မှူး ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်လူးကျေးရွာ အရှေ့မြောက်ဘက် သိမ်ချောင်းတစ်လျှောက်တွင် တရားမဝင် သစ်အယ်/သပြေ/တောင်ပရုတ်/သင်္ဂဒူ/မျောက်ငို (၂၄)လုံး (၈.၆၉၂၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

date: 
Friday, May 24, 2019 - 15:30