လေးမျက်နှာမြို့နယ်အတွင်း တရားမဝင် တောင်သရက်ခွဲသားများ ဖမ်းဆီးရမိ

၂၃.၅.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် လေးမျက်နှာကြိုးဝိုင်းအကွက် (၄၇)၊(၅၀)အတွင်း တရားမဝင် တောင်သရက်ခွဲသား(၉၂)ချောင်း (၁၆.၂၄၅၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 24, 2019 - 15:45