ဟုမ္ပလင်းမြို့နယ်၊ မန်သက်ကျေးရွာအုပ်စု၊ ကိုးတောင်ရွာအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္ပလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဟုမ္ပလင်းမြို့နယ်၊ မန်သက်ကျေးရွာအုပ်စု၊ ကိုးတောင်ရွာအနီးဝန်းကျင်တွင် တရားမဝင်ကျွန်း/တမလန်း/အင်သစ်/ခွဲခြမ်း/ခွဲသား (၂၅၇)လုံး/ခြမ်း/ချောင်း (၃၁.၄၇၀၄)တန်နှင့် တရားမဝင်သစ်စက်နှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 27, 2019 - 11:15