မင်းကင်းမြို့နယ် အတွင်း တရားမဝင် ကညင်သစ်များ ဖမ်းဆီးရမိ

၂၂.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ပျဉ်းကိုင်းရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ ရေဦး-ကလေးဝကားလမ်း (၇၁)မိုင်အနီး ၊ အင်တိုင်းကုန်းကြိုးဝိုင်း နှင့် ချောင်းကမ်းချောင်းအတွင်း တရားမဝင် ကညင်သစ် (၁၂)လုံး (၁၇.၃၄၆၀)တန် ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 27, 2019 - 11:15