ကျွန်းစုမြို့နယ်၊ ဂဏန်းကျွန်းအနောက်မြောက်ဘက်တွင် စက်လှေ(၃)စီးနှင့်အတူ တရားမဝင် သစ်များ ဖမ်းဆီးရမိ

၂၁-၅-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကမ်းခြေစောင့်တိုက်ရေယာဉ်(၄၀၃)မှ ဗိုလ်ကြီး မျိုးကိုကိုလင်း ဦးစီး အဖွဲ့သည် ကျွန်းစုမြို့နယ်၊ ဂဏန်းကျွန်းအနောက်မြောက်ဘက် (၁.၆)မိုင်ခန့် အကွာ၊ စက်လှေ(၃)စီးပေါ်မှ တရားမဝင် ကံ့ကော်/သစ်ယား/သပိတ်ကျောက်/လေသရက်/တောင်လန်းဖဲ ခွဲသား(၉၃)ချောင်း (၇.၃၄၀၈)တန်၊ လုံးပတ်(၃)ပေအောက် သစ်ယားသစ် (၁၄၀)လုံး(၁၁.၅၁၁၆)တန်၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 11:00