ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေး(အတက်)စင်နေရာ တွင် ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၄-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး - ပြင်ဦးလွင် (အတက်)ကားလမ်း၊ (၁၆)မိုင် စစ်ဆေးရေး(အတက်) စင်နေရာ၊ ယာဉ်အမှတ်-(YGN-5H/6406 Mitsubishi Canten (၆)ဘီး အဖြူရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား/ပိတောက် ပန်းကန်ပြား/ခွက်/ပန်းအိုး/ထမင်းအုပ် (၃၀၃)ချောင်း/ခု(၀.၉၅၁၀)တန်၊ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 11:15