ဘုတလင်မြို့နယ်၊ စလွန်းကျေးရွာအောက်ဘက်(၄)ဖာလုံခန့်အကွာ၊ချင်းတွင်းမြစ်ဘေးမှ တရားမဝင် အင်ခွဲသား များ ဖမ်းဆီးရမိ

၂၃-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ တိုင်းစစ်ကြောင်းအဖွဲ့မှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဘုတလင်မြို့နယ်၊ ကွမ်းခြံကုန်းကျေး ရွာအုပ်စု၊ စလွန်းကျေးရွာအောက်ဘက် (၄)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်ခွဲသား (၅၇၃)ချောင်း(၉.၁၅၄၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, May 28, 2019 - 11:15