အုတ်တွင်းမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်(၁၃၆/၃)အနီး ယာဉ်(၁)စီး ပေါ်မှ တရားမဝင် ကျွန်းဘုတ်ပြားများ ဖမ်းဆီးရမိ

၂၅-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်စုဝင်များနှင့် တပ်မတော်တို့ပူးပေါင်းပါဝင်သောအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၃၆/၃)အနီး၊ ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းဘုတ်ပြား (၁၃)ပြား (၃.၁၂၉၀) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 12:30