ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း မော်တော်(၁)စီးပေါ်မှ တရားမဝင်သစ် များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ မုဌောရွာအောက်ဘက်(၂)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်း မော်တော်(၁)စီးပေါ်မှ တရားမဝင် သစ်ယာ/အင်ခွဲသား (၁၃၉) ချောင်း (၄.၄၀၂၂)တန်၊ အင်မျော (၅၅၀)လုံး (၄.၁၇၆၀)ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 29, 2019 - 13:30