ကလေးဝမြို့နယ်၊ ဝါးရဲတောင်ပေါ်တန်းလျားအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ

၂၆-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ဝါးရဲတောင်ပေါ်တန်းလျားအနီးနေရာ၌ မော်တော်ယာဉ်အမှတ်(SGG-H/7979)(ဖြူပြာကြား)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား(၂၅) ချောင်း (၅.၅၆၈၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 29, 2019 - 13:30