ဟုမ္မလင်းမြို့နယ်၊ မန်သက်ကျေးရွာအုပ်စုတွင် တရားမဝင်သစ်များ နှင့် အင်ဂျင်(၁)လုံး ဆက်စပ်ပစ္စည်း များဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၅-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ် စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မန်သက်ကျေးရွာအုပ်စု၊ ကိုးတောင်ရွာအရှေ့တောင်ဘက် (၂)မိုင်ခွဲခန့်အကွာတွင် တရားမဝင် ကျွန်း/အင်/သစ်စေး (၂၀)လုံး (၁၂.၆၁၅)တန်၊ အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Wednesday, May 29, 2019 - 14:00