ဖောင်းပြင်မြို့နယ်၊ စန္ဒားကြိုးပြင်ခုတ်ကွက်ကြီးအတွင်း တရားမဝင် အင်/ကညင်သစ်များ ဖမ်းဆီး ရမိ

၂၇-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မောလိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ စန္ဒားကြိုးပြင်ခုတ်ကွက်ကြီး(XXXII)အတွင်း တရားမဝင် အင်/ကညင်သစ် (၈၁)လုံး (၈၈.၅၉၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 29, 2019 - 14:00