ကနီမြို့နယ်၊ ကွမ်းပင်ရေစခန်းအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၈-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ ကနီမြို့နယ်၊ ကွမ်းပင်ရေစခန်းအရှေ့ဘက်နေရာ၌ မော်တော်ယာဉ်အမှတ်(1B/7863) NISSAN COUNTER (ခေါင်းတို)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၄၁)ချောင်း(၄.၄၆၈၀)တန်အား တရားခံ(၁)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, May 30, 2019 - 12:45