မတ္တရာမြို့နယ်၊ သပြေအိုက်ကျေးရွာအနီးတွင် တရားမဝင် အင်/ပျဉ်းကတိုးသစ်လုံးများ ဖမ်းဆီးရမိ

၂၉-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ မတ္တရာမြို့နယ်၊ သပြေအိုက်ကျေးရွာအရှေ့ဘက်(၁)မိုင်ခန့်အကွာနေရာ၌ တရားမဝင်အင်/ပျဉ်းကတိုးသစ်/ခြမ်း(၂၉) လုံး/ခြမ်း (၉.၂၉၄၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, May 30, 2019 - 13:15