ဗန်းမောက်မြို့နယ်၊ ခေါင်းကိုက်ရွာ၏ အရှေ့တောင်ဘက်၊ မံမော်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်/ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ခေါင်းကိုက်ရွာ၏ အရှေ့တောင်ဘက်၊ မံမော်ကြိုးဝိုင်းအကွက်အမှတ်(၉၂)အတွင် တရားမဝင်ကျွန်း/အင်ကြင်းသစ်/ခွဲသား(၁၅၄)လုံး/ချောင်း(၂၆.၄၆၄၄)တန်၊ တရားမဝင်သစ်စက်နှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 31, 2019 - 13:15