ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ ဆိပ်ကမ်းအောက်ဘက်၊ ဂရိတ်ဝေါလ်ဝေမာစက်ရုံ ဆိပ်ကမ်းတွင် သင်္ဘော(၁)စီးနှင့် တရားမဝင်ကျွန်း/သစ်မာ/အခြားခွဲသားများ ဖမ်းဆီးရမိ

၃၀-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ ဆိပ်ကမ်းအောက်ဘက်၊ ဂရိတ်ဝေါလ်ဝေမာစက်ရုံဆိပ်ကမ်းနေရာ၌ ရတနာစိန်ထွန်းမင်း အမည်ပါ တွန်းသင်္ဘောနှင့် ဘေးတွဲသံ(1378)ပေါ်မှ တရားမဝင်ကျွန်း/သစ်မာ/အခြားခွဲသား ခန့်မှန်း(၁၆.၅)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 31, 2019 - 13:15