ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီး-ကျားတက်ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးရမိ

၅-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆားလင်းကြီးမြိုန့ယ်၊ ဆားလင်းကြီး-ကျားတက်ကားလမ်း၊ မိုင်တိုင်အမှတ်(၅၄/၁)နှင့် (၅၄/၂)ကြားနေရာတွင် မော်တော်ယာဉ်အမှတ် (၂က/၂၇၃၅) HINO ယာဉ်ပေါ်မှ တရားမဝင် သစ်ယာ/ပျဉ်းကတိုးခွဲသား(၈၅)ချောင်း (၁.၃၀၀၆)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 10, 2019 - 12:00