ကသာမြို့နယ်၊ ဆင်ကုန်တိုင်ရွာအရှေ့ဘက်၊ ဂရိတ်ဝေါလ်ဆိပ်ကမ်းဟောင်းတွင် တရားမဝင် ကညင်သစ်လုံးများ ဖမ်းဆီးရမိ

၈-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ဆင်ကုန်တိုင်ရွာအရှေ့ဘက်၊ ဂရိတ်ဝေါလ်ဆိပ်ကမ်းဟောင်း၊ ဧရာဝတီမြစ်ကမ်းဘေးနေရာ၌ တရားမဝင်ကညင်သစ်(၉)လုံး (၂၀.၄၄၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 10, 2019 - 15:30