အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၉၉) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဖွင့်လှစ်သည့် အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၉)နှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနတွင် ယနေ့ ဖွင့်လှစ်ပို့ချသည့် အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၂-၆-၂၀၁၉)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်၌ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ပါသည်။
အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းသည် ပြည်ထောင်စုဝန်ကြီးရုံးမှ သင်တန်းသား(၇)ဉီး၊ သစ်တော ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး / ပြည်နယ် သစ်တောဉီးစီးဌာနများမှ သင်တန်းသား(၇၈)ဉီး၊ စုစုပေါင်း(၈၅)ဉီး တက်ရောက်မည်ဖြစ်ကြောင်း၊ အကြီးတန်းစာရေး/စာရင်းကိုင်(၃)နှင့်အထက် ရုံးဝန်ထမ်းများအနေဖြင့် အလယ်အလတ် အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းကို သင်ကြားတတ်မြောက်ထားမှသာ မိမိ ရာထူးနှင့်ညီမျှသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည် ဖြစ်သည့်အတွက် ယခု ဖွင့်လှစ်သည့် သင်တန်းသည် သင်တန်းသားများအတွက် အလွန်အရေးကြီးသည့် သင်တန်း ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ လေ့ကျင့်ရေးနှင့်သုတေသန သင်တန်းကျောင်းမှာ ၂၆-၈-၂၀၁၉ ရက်နေ့မှ ၃-၉-၂၀၁၉ ရက်နေ့အထိ ကျင်းပမည့် ရေးဖြေ စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရမည်ဖြစ်သည့်အတွက် သင်တန်းဆရာများ၏ သင်ကြားပို့ချချက် များအပေါ် အလေးအနက်ထား လက်ခံသင်ယူကြရန် မှာကြားလိုပါကြောင်း၊ အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို မိမိတို့ဝန်ကြီး ဌာနအစီအစဉ်ဖြင့် ဖွင့်လှစ်နိုင်ရေးအတွက် ခွင့်ပြုပေးသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဤ သင်တန်း အောင်မြင်စွာဖွင့်လှစ်နိုင်ရန် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့်သင်တန်းသားများအနေဖြင့် ဝန်ထမ်းဘဝအတွက်သာမက ဌာနအကျိုး နှင့် နိုင်ငံတော်အကျိုးကိုပြုနိုင်မည့် စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းလေ့လာ သင်ယူဆည်းပူးကြရန် ပြောကြားပါသည်။ သင်တန်းဖွင့်ပွဲသို့ သစ်တောဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ အရာရှိ ကြီးများ၊ သစ်တောဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာရှိကြီးများ၊ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ လေ့ကျင့်ရေးနှင့် သုတေသနသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ သင်တန်းဆရာများနှင့် သင်တန်းသားများအားလုံး တက်ရောက်ကြပါသည်။