လားရှိုးမြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတွင် မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၆-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သိန္နီမြို့ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉၇/၅)၊ စံလောင်းကျေးရွာ အနီးတွင် မော်တော်ယာဉ်အမှတ်(YGN 1J/6537) Toyota Gaia(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ(၂၇)ချောင်း(၁.၃၂၀၂)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 13, 2019 - 10:30