ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၁-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်း တရားမဝင်သစ်စက်နှင့်ဆက်စပ်ပစ္စည်းများ၊ တရားမဝင်ပျဉ်းကတိုး/ သစ်ကတိုး/ဇင်ပြွန်း/လယ်ဇ/ဘုံမဲဇာ/သရက်/သံသေသစ်/ခွဲသား (၃၁၃) လုံး/ချောင်း (၁၀.၁၆၅၂) တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 13, 2019 - 10:30