ရေဖြူမြို့နယ်အတွင်း ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၆-၂၀၁၉ ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နှင့်ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိများ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပိတောက်ကုန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်၊ ပိတောက်ကုန်းကျေးရွာတောင်ဘက် (၁)မိုင်ခန့်အကွာ ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကညင်/သစ်ရှို/စံကား/ကတွဒ်ခွဲသား(၁၈)ချောင်း(၃.၆၄၆၆)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Thursday, June 13, 2019 - 10:30