ပိန်းဇလုပ်မြို့၊ ကျွန်းကုန်း Toll Plaza အနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်း/အခြားတံခါးချပ်များ၊ ပရိဘောဂပစ္စည်းအစိတ်အပိုင်းများ ဖမ်းဆီးရမိ

၁၂-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စ.ရ.ဖတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပိန်းဇလုပ်မြို့၊ ကျွန်းကုန်း Toll Plaza အနီးတွင် မော်တော်ယာဉ်အမှတ်(8I/8973) (ခေါင်းဖြူ)(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်း/အခြားတံခါးချပ် များနှင့် ပရိဘောဂပစ္စည်းမျိုးစုံ(၂၇၃)မျိုး (၂.၉၈၂၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 17, 2019 - 10:15