လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းမကြီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၁၄-၆-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းမကြီး၊ လှည်းကူးမြို့အထွက် Toll Gate နေရာ၌ မော်တော်ယာဉ်အမှတ် (1M/8741) FUSO (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်သတီ/သင်္ဂတူခွဲသား (၁၂၄) ချောင်း (၇.၁၅၄၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 18, 2019 - 13:15