မြစ်ကြီးနားမြို့နယ်အတွင်း တရားမဝင် ကြေးလံခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၆-၂၀၁၉ ရက်နေ့တွင် မြစ်ကြီးနားခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ တနိုင်းမြို့တံတားအနီး၊ ဆင်မ်ဆာ့ရပ်ကွက်နေရာ ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကြေးလံခွဲသား (၁၅၇) ချောင်း (၂.၄၀၅၀)တန်နှင့်အတူ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 3, 2019 - 10:45