သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု (Green Environment Campaign 2019)တွင် ပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု (Green Environment Campaign 2019)တွင် ပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို (၅-၇-၂၀၁၉) ရက်နေ့၊ နံနက်(၀၇:၃၀)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၂)အတွင်း ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးဝင်မြင့် တက်ရောက်၍ သစ်ပင်စိုက်ပျိုးကြောင်း သိရှိရပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မှ မဟော်ဂနီပင်အား စိုက်ပျိုးခဲ့ပြီး နိုင်ငံတော်အဆင့် အကြီးအကဲများမှ ကံ့ကော်ပင်၊ သင်းဝင်၊ မြန်မာပိတောက်ပင်နှင့် တမလန်းပင် များအား လည်းကောင်း ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများမှ ကျွန်း၊ ပျဉ်းကတိုး၊ မြန်မာပိတောက်၊ တမလန်း၊ ကံ့ကော်၊ အင်ကြင်း၊ ရေသင်းဝင်၊ မဟော်ဂနီ၊ ရင်းမာ၊ ငု၊ ပန်းမဲဇလီ၊ ဆီသပြေ၊ သပြေ၊ မဏိသြဂ၊ သင်းဝင်၊ စစ်၊ မအူလက်တန်တို၊ မအူလက်တန်ရှည်၊ ယမနေ၊ ယင်းထိုက် စသည့် သစ်မျိုးပေါင်း(၂၀)၊ သစ်ပင်ပေါင်း(၄၃၄)ပင်အားလည်းကောင်း တက်ရောက် သူ အင်အားစုစုပေါင်း(၄၄၀) ဦးဖြင့် စိုက်ပျိုးခဲ့ကြပါသည်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့် အတူ နိုင်ငံတော် အဆင့်အကြီးအကဲများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက် လာကြသူ ဧည့်သည်တော်များမှ သစ်ပင်စိုက်ပျိူးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရှိရပါသည်။

date: 
Friday, July 5, 2019 - 15:45