ကွတ်ခိုင်မြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်တမလန်းခွဲသားများဖမ်းဆီးရမိ

၄-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)မှ တပ်မတော်သားများ၊ စရဖ(ကွတ်ခိုင်)မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၉/၂)နှင့် (၂၁၉/၃)ကြားနေရာတွင် မော်တော်ယာဉ်အမှတ်(YGN 2I/2528) ALPHARD (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်တမလန်းခွဲသား (၆၃) ချောင်း (၁.၁၃၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 8, 2019 - 11:15