ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊ မှော်ဘီမြို့တွင် (၁.၇.၂၀၁၉)ရက်နေ့မှ (၅.၇.၂၀၁၉) ရက်နေ့အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု သတင်းအချက်အလက်များ

၁.၇.၂၀၁၉ ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန် မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်းခန်းမတွင် (၁.၇.၂၀၁၉)ရက်နေ့မှ (၅.၇.၂၀၁၉) ရက်နေ့အထိ ရက်သတ္တ(၁)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသည့် ရုံးလုပ်ထုံးလုပ်နည်းနှင့် မှတ်တမ်း များထားရှိခြင်း သင်တန်းအမှတ်စဉ်(၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားအား ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမှုတွဲထိန်း/ရုံးအကူ အဆင့်သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပါသည်။ ၁.၇.၂၀၁၉ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သင်တန်းသူများမှ သင်တန်းအဝင် ဆန်းစစ် ခြင်းဖြေဆိုခဲ့ပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးလှဌေးအောင်မှ ငွေစာရင်းခေါင်းစဉ်နှင့် ဌစများ ဘာသာရပ်အား သင်ကြားပို့ချခဲ့ပါသည်။ ၂.၇.၂၀၁၉ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်နိုင်ဌေးမှ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများဘာသာရပ်နှင့် ရုံးလုပ်ငန်းသဘောတရားနှင့် ရုံးစာရေးသားနည်းဘာသာ ရပ်များအား သင်ကြားပို့ချခဲ့ပါသည်။၃.၇.၂၀၁၉ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်နိုင်ဌေးမှ စာရွက် စာတမ်းများလုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ကြေးနန်းစာရေးသားနည်း ဘာသာရပ်နှင့် ဝင်စာ/ထွက်စာများ အရေးယူဆောင်ရွက်ခြင်းဘာသာရပ်များအား သင်ကြားပို့ချခဲ့ပါသည်။၄.၇.၂၀၁၉ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်နိုင်ဌေးမှ မှတ်တမ်း ထိန်းသိမ်းခြင်း၊ စာတွဲခြင်းနှင့် စာတွဲထိန်းသိမ်းခြင်းဘာသာရပ်အား သင်ကြားပို့ချခဲ့ပြီး၊ နေ့လည် (၁၃:၀၀)နာရီတွင် သင်တန်းကျောင်းမှ သင်တန်းဆရာ/ဆရာမများဦးဆောင်၍ ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးသို့သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်လေ့လာခဲ့ရာ ဦးစီးအရာရှိ ဦးမင်းအောင်နှင့် ရုံးအုပ်ကြီး ဒေါ်သိင်္ဂီချိုတို့မှ ရှင်းလင်း ပြောကြားခဲ့ပါသည်။၄.၇.၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဦးအောင်ရဲဝင်းမှ Viber နှင့် E-mail ပေးပို့ရာတွင် အသုံးပြုရန်လိုအပ်သော အခြေခံအချက်များဘာသာရပ်အား သင်ကြားပို့ချခဲ့ပါသည်။ နေ့လည် (၁၃:၀၀)နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဌေးမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

date: 
Tuesday, July 9, 2019 - 11:30