ပုလဲမြို့နယ်အတွင်း ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၁-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်း၊ မိုင်တိုင်အမှတ်(၃၈/၃)၊ ဦးနှောက်ကျေးရွာအနီး ယာဉ်အမှတ်၊ (MDY-4B/9721 နီဆန်းဒီဇယ် ခေါင်းစိမ်းဘော်ဒီ အဖြူရောင်(၁၂)ဘီး)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၇၂)ချောင်း (၄.၆၆၀၄)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, July 23, 2019 - 13:45