ပင်လည်ဘူးမြို့နယ်၊ ချောင်းကျေးရွာအနီး တရားမဝင်သစ်စက်နှင့် တရားမဝင် ကျွန်းသစ်များ ဖမ်းဆီးရမိ
၂၆-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းများ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ ချောင်းကျေးရွာမြောက်ဘက်(၂)မိုင်ခန့်အကွာ၊ ခံဇားလာကာကြိုးဝိုင်းအကွက်အမှတ်(၆၀)အတွင်းမှ တရားမဝင်ကျွန်းသစ်(၂၁)လုံး(၁၀.၃၃၂၀)တန်အား ဂျင်ဒေါင်း(တရုတ်နီ)အင်ဂျင်ပါသစ်စက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Wednesday, August 28, 2019 - 14:45