ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာအနီးတွင် တရားမဝင်ပိတောက် ခွဲသားများဖမ်းဆီးရမိ

၉-၉-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာ၏ အနောက်ဘက်(၂)မိုင်ခန့်အကွာ တောတွင်းနေရာမှ တရားမဝင်ပိတောက်ခွဲသား(၃၀)ချောင်း (၂.၃၇၆၀)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 12, 2019 - 14:30