ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းလမ်း၊ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းလမ်း မိုင်တိုင်အမှတ်၊ (၆၅/၃)အနီး ဒေသအခေါ် (၅)မိုင်နေရာ၊ မော်တော်ယာဉ်အမှတ်-(YGN-8D/8808) TOYOTA Dyna (အပြာရောင်)ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၂၉)ချောင်း (၁.၄၄၆၈)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Tuesday, September 17, 2019 - 13:45